ပုသိမ်ကြီးမြို့နယ်၌ Football For School Programme အရအားကစားနည်း (၄)မျိုးဖြင့် သင်တန်းများ ဖွင့်လှစ်ပေး

ပုသိမ်ကြီး မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသည် ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Football For School Programme အရ မြို့နယ်အတွင်း အားကစားနည်း (၄)မျိုးဖြင့်  သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

အဆိုပါ သင်တန်းများကို မြို့နယ်အားကစားမှူးနှင့် နည်းပြများ ဦးစီး၍ Football For School Programme အရ အားကစားနည်း (၄) မျိုးဖြစ်သည့် ဘောလုံး၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ဗိုဗီနမ် ကစားနည်းများကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပြီး အဆိုပါ သင်တန်းကိုဧပြီလမှ စတင်၍ မေလကုန်အထိ ဖွင့်လှစ်သင်ကြား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အား/ကာမှူးထံမှ သိရသည်။

မေဝတီ (ပုသိမ်ကြီး)