လောက်ကိုင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ခရိုင်အဆင့် ဦးစီးဌာန (၄)ဌာန အား ဒေသဆိုင်းဘုတ်အသစ် ဖွင့်လှစ်ခြင်းများကို ယနေ့နံနက် က သက်ဆိုင်ရာ ဦးစီးဌာနရုံးများတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း နှင့်ဦးစီးအဖွဲ့ အဖွဲ့ဝင်များက ဒေသ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ ပြုလုပ် ခြင်းကို ယနေ့နံနက် ၁၀ နာရခွဲအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်သည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်လွင် တို့က ဒေသ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆိုင်းဘုတ်အား ကြိုးဆွဲဖွင့်လှစ်ကာ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းနှင့် ဦးစီးအဖွဲ့ အဖွဲ့ဝင်များသည် ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန များ၏ ဒေသဆိုင်းဘုတ် အသစ်များကို ထပ်မံဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)