လမ်းမတော် ဇန်နဝါရီ ၁၈
ကိုဗစ်-၁၉ ကာလအလွန် မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ် စနစ်သို့ ကူးပြောင်းရေး၊ SME လုပ်ငန်းများ အထောက်အပံ့ပေးနိုင်ရေး၊ အကောင်အထည်ဖော်နေသည့် ဒီဂျစ်တယ်စီမံကိန်းများ၊ SME လုပ်ငန်းရှင်များ အတွက် Digital Payments နှင့် Cashless Transaction ၏ အရေးပါမှုများကို ဆွေးနွေးခဲ့ကြသည့် Enabling Digital Transformation for Myanmar SMEs during COVID-19” SME Webinar ကို ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ကျင်းပခဲ့သည်။
US-ASEAN Business Council ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Amb. Michael W. Michalak မှ “COVID ကာ လ မှာ SME လုပ်ငန်းတွေက အလွန်ရုန်းကန်နေရပါတယ် ၊ ကပ်ရောဂါကြောင့် မြန်မြန်ဆန်ဆန် ဒီဂျစ်တယ် အသွင်ပြောင်းဖို့ဖြစ်လာတာပါ၊ မြန်မာအစိုးရဖက်က ရော၊ ပုဂ္ဂလိကဖက်ကရော အနာဂတ်မှာ SME လုပ် ငန်းတွေ ကြံ့ကြံ့ခံနိုင်ရန် နည်းလမ်းများ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်” ဟု အဖွင့်အမှာစကား ပြော ကြားခဲ့သည်။
ယနေ့ ဆွေးနွေးပွဲသည် SME Workshop များကို အွန်လိုင်းသင်တန်း အသွင်ကူးပြောင်းထားခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ အွန်လိုင်း SME ပွဲဖြစ်သည့်အပြင် အသေးစားနှင့် အလတ် စား လုပ်ငန်းများအတွက် ခြေလှမ်းသစ် စတင်မှုပင်ဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းမှ COVID-19 Economic Relief Plan နဲ့ ပတ်သက်၍ ပြောကြားခဲ့ပြီး ဒီဂျစ်တယ်နည်းပညာ ကဏ္ဍများစွာအရေးပါ သည့်အတွက် ယခုလို ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသည့် US-ASEAN Business Council ၊ UMFCCI ၊ Master Card တို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ “လူနေမှုပုံစံသစ်မှာ လိုက်မီနိုင်ဖို့ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်၊ SME လုပ်ငန်းတွေကလည်း အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ကြိုးစားနေကြ ပါတယ်၊ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ ဒီဂျစ်တယ် ငွေပေးချေမှု၊ ဒီဂျစ်တယ် နည်းပညာရပ်များကို အသုံးပြု ဖို့လိုအပ်ပါတယ်၊ အသင်းချုပ်အနေနဲ့ လိုအပ်သမျှ သင်တန်းတွေမှာ ပူးပေါင်း ပါဝင်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အင်ဒို နီးရှားနိုင်ငံ အခြေစိုက် MasterCard တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ Digital Payments နှင့် Cashless Transaction ၏ အရေးပါမှုများကို အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် US-ASEAN Business Council မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အပိုင်း (၂) ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအစအဆုံးကို https:// fb.watch/32m7iuP8zV/ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။ ငွေပေးချေ ရေး မူဝါဒနှင့် ဒီဂျစ်တယ်နည်းပညာရပ်များ၊ ဆိုက်ဘာလုံခြုံမှုတို့ကို ဆွေးနွေးခဲ့ပြီး SME လုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ မျှဝေခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းအပြင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်သော ဒေါက်တာ မောင်မောင်လေးနှင့် ဦးသောင်းတင်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)