မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညိုနှိင်း အစည်းအဝေးကျင်းပ

မိုင်းတုံ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေအောင် က မိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်သဘောပေါက်သည်အထိ အသိပညာပေးခြင်းလုပ်ငန်းနှင့် နှာခေါင်စည်းကိုစနစ်တကျ တပ်ဆင်နိုင်ရေး၊ မြို့ပေါ်ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြည်ပဘက်မှ နေရပ်ပြန်ပြည်သူများရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးအကြောင်းကြား ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)