မြစ်သား ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ "ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကိုထိုးကြစို့" အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မွေးမြူထားသည့် အိမ်မွေးခွေးများကို အခမဲ့လိုက်လံ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါခွေးရူးရောဂါကာကွယ်ဆေးထိုးနှံမူများ ဆောင်ရွက်ရာမှာ မြစ်သားမြို့အတွက် ဆေးအလုံး (၁၀၀) ရရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသီဟဇော်နှင့် ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးမင်းထွန်းတို့က မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် မွေးမြူထားသည့် အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပြီး ခွေးရူး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ခွေးကနေ ခွေး အချင်းချင်း၊ ခွေးကနေလူကိုကိုက်လို့ လူ့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အတွက် ကာကွယ်ဆေးကို အချိန်မီ မထိုးနိုင်ခဲ့ရင် ခွေးတွေမှာ ရောဂါမဖြစ်မှ လူကိုလည်းမကူးနိုင်အောင် ရည်ရွယ်၍ ခွေးများကို ခွေးရူးရောဂါကာကွယ် ဆေးအခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇာနည်ဇော် ထံမှ သိရသည်။
မြမြမွန်(ပြန်/ဆက်)