နမ့်စန်၌ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၅၁ ဦးကို ကြိုဆို၍ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်း

နမ့်စန်() ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်၊ ‘‘အထူးဒေသ ()တွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်း သိရသည်။

မော်တော်ယာဉ် စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၉၀) ဦး (၆၁) ဦး စုစုပေါင်း(၁၅၁) ဦးကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူများက အမှတ်()ရပ်ကွက်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်တပ်နယ်မှ တပ်မတော်သားများ နှင့် မြို့နယ်မှအလှူရှင်များ စုပေါင်းလှူဒါန်းသော ထမင်းဘူး၊ သောက်ရေသန့်ဘူးနှင့် ဘီစကစ်မုန့်ထုပ် များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နမ့်စန်မြို့တွင် ဆင်းသည့်ခရီးသည်မရှိသည့်အတွက်  အဆိုပါခရီးသည်များမှာ နေ့နယ် ၁၁ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)