မောက်မယ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရှမ်းပြည်နယ်) အစိုးရ၏ ၂၀၂၀−၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရံပုံငွေကျပ် (၁၈၅.၁၂၇) သန်းဖြင့် ‘‘ရွှေပွန်ချောင်း” ကုမဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိသော မောက်မယ်−ဆိုက်ခေါင်သွားလမ်း မိုင်တိုင်အမှတ် (၄၁/၇)လမ်းခွဲမှ ကုန်းမလန်းကျေးရွာနှင့် နားတောင်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းအား ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အဆင့် တည်ဆောက်ရေးနှင့်လုပ်ငန်း စိစစ်ရေး ကော်မတီဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း(၈/၀)မိုင်အနက် (၆/၄)မိုင်အား ကျောက်ခင်းပြီး ကျန်ရှိနေ သေးသည့်(၁/၄)မိုင်အား အပြီးသတ် ကျောက်ချောခင်းခြင်းလုပ်ငန်း လမ်းပိုင်းအား မြို့နယ်အဆင့် တည်ဆောက်ရေးနှင့်လုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် ကော်မတီဝင်များ ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဦး တို့မှလိုက်ပါ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)