ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာ၊ လသာကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တိုက်ကြီးခရိုင်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာ၊ လသာကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တိုက်ကြီးခရိုင်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကျောင်းဝင်းအတွင်းရှိ အမှိုက်များ၊ ခြုံနွယ်များ၊ မြက်များရှင်းလင်းခြင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းဆောင်များတွင် ခြင်ဆေးမှုတ်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တာဝန်ရှိသူများအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)