ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အား ပြည်သူများသိရှိစေရေး ရှင်းလင်းဆွေးနွေး

မရမ်းကုန်း ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ပဌာန်းဓမ္မာရုံ တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်အား ပြည်သူများ သိရှိစေရေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုလုပ်ငန်းစဉ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ဆွေးနွေးတင်ပြပြီး ပြည်သူများ၏ သိလိုသည့်​အချက်များအား မေးမြန်းမှု များကို ပြန်လည်ဖြေကြားခဲ့သည်။ လုပ်ငန်းစဉ်​ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ တက်ရောက် ကြခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)