ညောင်ဦး ဇန်နဝါရီ ၁၈
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအသင်းသူ/သားများ အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသောအားဖြင့် မိုင်တစ်ထောင်ခရီးရှည်တစ် ကိုယ်တော်လမ်းလျှောက်သူ ဦးစနေ(ခေါ်)ဦး ကျော်ကျော်ဝင်း သည် ယနေ့ နံနက် ၈နာရီ ၁၇ မိနစ် အချိန်တွင် ကျောက်ပန်း တောင်းမြို့နယ်အဆုံး၊ ညောင်ဦးမြို့နယ် အစ စာပို့ချောင်းသို့ စတင်ဝင်ရောက်ကာ ညောင်ဦးမြို့နယ်သို့ စတင်ဖြတ်သန်း လမ်းလျှောက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်တစ်ထောင်ခရီးရှည် တစ်ကိုယ်တော် လမ်းလျှောက်သူမှာ ပြင်ဦးလွင်မြို့မှ အသက်-၄၈နှစ်အရွယ်ရှိ ကားဆေးမှုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးစနေ(ခေါ်) ဦးကျော်ကျော်ဝင်း ဖြစ်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အဖက်ဖက်မှ စွမ်းစွမ်းတမံ လုပ်ကိုင်နေသူများကို ဂုဏ်ပြုသော အားဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ပြင်ဦးလွင်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တောင်ငူမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးကိုဖြတ်၍ ရန်ကုန်မြို့သို့ဝင်ရန် ရည်ရွယ်ထားသော်လည်း ထိုလမ်းခရီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေ ကြောင့် နောက်ကြောင်းပြန်လှည့်ကာ ပျော်ဘွယ်မြို့နယ်တွင် နှစ်ညအိပ် ရပ်နားခ ဲ့ကြောင်း သိရသည်။ ထို့နောက် ပြင်ဦးလွင်မြို့သို့ပြန်လည်ရောက်ရှိ၍ နှစ်ရက်နားနေကာ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် ပြင်ဦးလွင်မြို့မှ ကားဖြင့်ထွက်ခွာ လာခဲ့ပြီး သီးကုန်းလမ်းခွဲတွင်ဆင်းကာ ကျောက်ပန်းတောင်းမြို့အထိ လမ်းစတင် လျှောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁၆ရက်နေ့တွင် ညနေ ၆နာရီခွဲအချိန်တွင် ကျောက်ပန်း တောင်းမြို့နယ်ထဲသို့ရောက်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ထဲသို့ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမကြီးအ တိုင်း ဆက်လက်လမ်းလျှောက်လာရာ မြိုင်သာယာကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ညအိပ်တစ်ညအိပ်နားခဲ့ကြောင်း၊ ခရီးစဉ်အနေဖြင့် ကျောက်ပန်းတောင်းမြို့ကိုဖြတ်ပြီး ညောင်ဦးမြို့ဘက်သို့ ဆက်လက်ထွက်ခွာ လမ်းလျှောက်မည်ဖြစ်ကာ ၊ ညောင်ဦးမြို့ထဲသို့ မဝင်ပဲ မြို့ရှောင်လမ်းအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့ ရှောင်လမ်းဘက်မှ ညောင်ဦး-မြင်းခြံလမ်းအတိုင်း ဆက်လက်ထွက်ခွာ မည်ဖြစ်ပြီး၊ မြင်းခြံ မြို့ဘက်မှ မန္တလေး၊ပြင်ဦးလွင်၊ တကောင်းမြို့သို့ဆက်လက် လျှောက်မည်ဖြစ်ကြောင်းသိရ သည်။ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး တစ်လခွဲလောက်ကြာမည် ခန့်မှန်းထား ကြောင်း ခရီးစဉ်လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းထွန်းနိုင် ကပြောပြသည်။
မိုင်တစ်ထောင်ခရီးရှည် တစ်ကိုယ်တော်လမ်းလျှောက်၍ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းရရှိလာသည့် အလှူငွေများကို ကိုဗစ်-၁၉ ကူးစက်ရောဂါကုသရေးလုပ်ငန်း များသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရကာ ယနေ့ထိမိုင်ပေါင်း ၄၀၀ ကျော်ခန့် လမ်းလျှောက်ခဲ့ပြီဖြစ်ကြောင်းနှင့်လမ်းခရီးတစ်လျှောက်နေ့စဉ် တစ်နေ့ လျှင် ၂၅မိုင်နှုန်း ဖြင့်လမ်းလျှောက်ခဲ့ကြောင်း လမ်းခရီးအဆုံးသည် တကောင်း မြို့ဖြစ်ကြောင်းလည်းသိရ သည်။
ကိုထိန်၊KPD