တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်

တောင်ဥက္ကလာပ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့် ပူးပေါင်းကာ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၉) ရပ်ကွက် လူထုဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (PR) ဦးတင့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့် သင်္ဃန်းကျွန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး ဦးမင်းကိုကိုတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်က မြို့နယ်အတွင်းဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသာအောင်ဌေးက မြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ပြီး သင်တန်းကိုဆက်လက်ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သင်္ဃန်းကျွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား (၃၀) ဦးတက်ရောက်ပြီး နည်းပြ ၃ ဦးဖြင့် သင်ကြားကာ သင်တန်းကာလကို မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)