ကျောက်မဲ မေ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဆရာမညိုလဲ့ရည်က စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ "လောကကြီးကို အရှုံးမပေးနှင့်" စာအုပ်ကိုလည်းကောင်း၊ ဒေါ်နန်းရွှေအုံက စာရေးဆရာပါရဂူ ဘာသာပြန်ဆိုသည့် "သီပေါမဟေသီ" စာအုပ်ကိုလည်းကောင်း၊ ဒေါ်ခင်စန်းရီက ဒေါက်တာချန်း၏ "ခန္ဓာကိုယ်က သတိပေးလာသည့် လက္ခဏာများ" ကျန်းမာရေးစာအုပ်ကိုလည်းကောင်း အသီးသီးမိတ်ဆက်ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် စာရေးဆရာ မြင့်အောင်မြင့်(ကျောက်မဲ)က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)