ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဗိုလ်တထောင်     ဩဂုတ်     ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကျန်းမာ‌ရေးလမ်းညွှန်ချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိကိုယမန့်နေ့ နံနက်(၁၁) နာရီတွင်ဘိုကလေးဈေး၌ကွင်းဆင်းစစ် ဆေးခဲ့‌ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန်ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့်နှာခေါင်းစည်း နှင့်လက်အိတ်များ ဝတ်ဆင်ခြင်းရှိ၊ မရှိနှင့်လူစုလူဝေးများ မဖြစ်စေရန်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းများဖြန့်ဝေပေးခဲ့ပြီးအဆိုပါအသိပညာ ပေးလုပ်ငန်းများဆောင် ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်မှူး စည်ပင်(ကျန်းမာ)ဒေါက်တာအောင်ကိုဦး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှုးဒေါက်တာဇင်မင်းမင်းလတ်၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှူး ဒေါ်သိန်းသိန်းယဉ်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်းနှင့်အဖွဲ့ဝင်များက ပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အထည်ရောင်းချသူ မတင်မာ က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာလျက်ရှိကြောင်းပြောကြားခဲ့သည်။

သိန်းသိန်း (ဗိုလ်တထောင်)