မိုင်းပျဉ်း မေ ၁၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (၁၄-၅-၂၀၂၆)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ Grade-11 အထိ အတန်းတက်(အောင်)စာရင်းများထုတ်ပြန်ပေးကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင်လည်း ယနေ့နံနက်(၆)နာရီက အခြေခံပညာကျောင်းအားလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းစစ်စာမေးပွဲ အတန်းတက်(အောင်)စာရင်းများကို ထုတ်ပြန်ကပ်ထားပေးကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံး၌ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းများဖြစ်သော KG တန်းမှ Grade-11 အထိ အတန်းတက်(အောင်)စာရင်းများကို ထုတ်ပြန်ကပ်ထားပေးရာ ကျောင်းသား၊ကျောင်းသူများမိမိတို့ကျောင်းအသီးသီးသို့ လာရောက်ကြည့်ရှုခဲ့ကြပြီး၊ ရာနှုန်းပြည့်အောင်မြင်ကြကြောင်းပညာရေးဌာနမှ သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်