လားရှိုးမြို့တွင် အစိုးရရုံးဌာနများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

လားရှိုး မေ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ အစိုးရရုံးဌာနများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်‌နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ်ရေးအတွက် တပ်ဆင်ထားရှိသော မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)