မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်(UID)ဆောင်ရွက်ပေးနေမှုအားကြည့်ရှုအားပေး

မိုင်းဖြတ် မေ ၁၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးကျော်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်များမှတာဝန်ရှိသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား‌ဆောင်ရွက်ပေးနေခြင်းအပေါ် ပြည်သူများလက်ဝယ်အရောက် ထုတ်ပေးခဲ့သည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား‌ဆောင်ရွက်ပေးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)