မူဆယ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ‌ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်

မူဆယ် မေ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် မေလ (၁၂) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းသိန်းက မူဆယ်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲထားရှိမှု အခြေအနေများ၊ ဌာနအလိုက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုရရှိသည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာန်များကို မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)