ကျောက်ဆည်မြို့၌ အချိန်စေ့ချေးငွေပြေကျေပြီးသော တောင်သူလယ်သမားများအား ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အချိန်စေ့ချေးငွေပြေကျေပြီးသော တောင်သူလယ်သမားများအား ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးစရိတ်အတွက် ချေးငွေများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မန္တလေးတိုင်းဒေသကြိးအတွင်းရှိ ခရိုင်/မြို့နယ်ဘဏ်ခွဲ ၁၆ ခုမှ ကျေးရွာအုပ်စု ၅၃၁ အုပ်စုမှ တောင်သူ ၄၇၂၈၁ ဦး၊ စိုက်ပျိုးဧက ၃၀၃၆၆၆ ဧကအတွက် ချေးငွေ ၈၂,၃၈၂ ဒသမ ၄၀ သန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မင်းစုကျေးရွာအုပ်စုရှိ တောင်သူ ၁၅၉ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက ပန်းခွာကျေးရွာအုပ်စုရှိ တောင်သူ ၁ဝ၈ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးက မြေစိုပါယ်ကျေးရွာအုပ်စုရှိ တောင်သူ ၁၀ဝ ဦးကိုယ်စားတောင်သူတစ်ဦးအား လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက မြေစိုမိုးကောင်းကျေးရွာအုပ်စုရှိ တောင်သူ ၉၈ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာ ဒေါ်ဖြူဖြူဌေးက အင်ရောင်းကျေးရွာအုပ်စုရှိ တောင်သူ ၈၉ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီး မန်နေဂျာ ဦးသက်ဦးက ကုလားကျောင်းကျေးရွာအုပ်စုရှိ တောင်သူ ၈၀ ဦးကိုယ်စား တောင်သူ တစ်ဦးအားလည်းကောင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က အရှေ့ငယ်တိုးကျေးရွာအုပ်စုရှိ တောင်သူ ၉ဝ ဦးကိုယ်စား တောင်သူတစ်ဦး အား လည်းကောင်း စိုက်ပျိုးချေးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)