ကျောက်ဆည်မြို့နယ်၌ အခြေခံမွေးမြူရေးသင်တန်း (နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ) ဖွင့်လှစ်

ကျောက်ဆည် မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက အခြေခံ(နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ)မွေးမြူရေးသင်တန်းဖွင့်လှစ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းခန့်က သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသတွင်း အသားစားသုံးမှု ဖူလုံစေ ရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်ပိုင်တစ်နိုင် အခြေခံမွေးမြူမှုနည်းစနစ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ၊ ဇီဝလုံခြုံမှုတိုးမြှင့်ရေး၊ တိရစ္ဆာန် အစာပင် စနစ်တကျ စိုက်ပျိုးခြင်း နည်းစနစ်များနှင့် အစာကျွေးမွေးမှုနည်းစနစ်များအကြောင်း တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရှိရပြီး အဆိုပါသင်တန်းသို့ ကျေးရွာ (၁၅) ရွာမှ သင်တန်းသား/သင်တန်းသူ (၂၀) တက်ရောက်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)