ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် နှစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ကလော  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်နံနက် ၆ နာရီခွဲ အချိန်ခန့် စတင်ဖွင့်လှစ်၍ အခြားတိုင်း ဒေသကြီး/ပြည်နယ်မှ ရှမ်းပြည်နယ်တောင် ပိုင်းသို့ ဝင်ရောက်လာသည့် အတက်ကား ကုန်တင် ယာဉ်မောင်း/ ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးထံတို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူမှာ‎‎ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေသူ မန္တလေး - တောင်ကြီး သွား FUSZO (အဖြူရောင်) (၁၂)ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်းအသက်(၄၂)နှစ် အရွယ်အမျိုးသား တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာအား ကလောမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိသည့် တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်နေသူ  ယာဉ်နောက်လိုက် အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးအား ကလောမြို့၊ ဓမ္မယာန Quarantine Center တွင် Quarantine ထားရှိမည်ဖြစ်ကြောင်း၊ အလားတူ ကျောက်ပန်းတောင်း - တောင်ကြီးသွား (အပြာရောင်) (၁၂)ဘီး ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာအား ကလောမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်နေသူ  ယာဉ်မောင်း အသက်(၃၀)နှစ်၊ အရွယ် အမျိုးသားတစ်ဦးအား ကလောမြို့၊ ဓမ္မယာန Quarantine Center တွင် Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)