ဥတ္တရသီရိမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော

ဥတ္တရသီရိ  ဇန်နဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ မြတ်ပညာပရဟိတကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်း က  ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် နေပြည်တော်လှုမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ နေပြည်တော် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သူဇာလွင် က ကလေးသူငယ်များအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ နေပြည်တော် ရင်ခွင်မဲ့ကလေးသူငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဒေါ်အေးမြင့်ရှိန် က မိမိတို့အသင်း၏ လုပ်ဆောင်ချက်များနှင့် မန္တလာရောင်စဉ် Women Empowerment & Gender Equality မှ ဒေါ်သက်သက်နွယ် က  အိမ်တွင်းအကြမ်းဖက်မှု ကင်းဝေးစေရန်လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြတ်ပညာပရဟိတကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)