သီပေါ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရဲစခန်းမှူး ရဲမှူးဝေဖြိုးကျော် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည် ရဲမေများ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ဝင်းဇော်လတ် နှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးတို့အတွက် နှာခေါင်းစည်း Mask Campaign အား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေး၊ မန္တလေး−လားရှိုး ပြည်ထောင်စုလမ်းမကြီး မီးပွိုင့်လမ်းဆုံ၊ မိုင်းပွန်လမ်းနှင့် လမ်းမတော် လမ်းထောင့် မီးပွိုင့်လမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်၍သွားလာကြရန်၊ အရာဝတ္ထုများနှင့် ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ စက္ကန့် ၂၀ ကြာ ဆေးကြောကြရန်၊ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကလေးသူငယ်များအား အိမ်ထဲတွင်သာ နေစေပြီး မလိုအပ်ဘဲ အပြင်သို့ ခေါ်ဆောင်မသွားရန်နှင့် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်၍ Social Distancing နှင့်အညီ ရောင်းဝယ်ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများ၊ ကား၊ ဆိုင်ကယ်စီးနင်း သွားလာသူများ၊ စျေးအတွင်းရှိ စျေးရောင်း/ စျေးဝယ်သူများကို နှာခေါင်းစည်း(Mask) (၁၂၀၀)ခု ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)