ကြည့်မြင်တိုင် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက မိတ်ဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုးက ဌာနဆိုင်ရာများအားမိတ်ဆက်စကားပြောကြားကာ ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)