အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဥ်(၂၃၈) စာမေးပွဲကျင်းပ

ချမ်းအေးသာစံ မေ ၁၂

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်မှကြီးမှူးကာ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးငါးခုတို့တွင် တစ်ပြိုင်တည်းကျင်းပပြုလုပ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှူသင်တန်း အမှတ်စဥ် (၂၃၈) သင်တန်းစာမေးပွဲကို မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၌ မေလ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းက ဘဏ္ဍာရေးစည်းမျဥ်းဘာသာရပ် ဖြေဆိုခြင်းကို ဆက်လက်ကျင်းပခဲ့သည်။

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှူသင်တန်း အမှတ်စဥ်(၂၃၈) သင်တန်းစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲကို ဝန်ကြီးဌာန ၁၈ ခုမှ သင်တန်းသား၊ သင်တန်းသူ ၄၉ ဦး၊ ပြန်လည်ဖြေဆိုမည့် ဝန်ကြီးဌာနခြောက်ခုမှ သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး၊ စုစုပေါင်း သင်တန်းသား ၆၁ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

သင်တန်းတွင် အခြေခံစာရင်းရေး စာရင်းကိုင်ပညာ၊ စတိုပစ္စည်းစာရင်းထားနည်း၊ ဦးစီးဌာနစာရင်းပညာ၊ ဘဏ္ဍာရေးစည်းမျဥ်း၊ ဝန်ထမ်းစည်းမျဥ်းနှင့် ရုံးစာရေးသားနည်းနှင့် စတိုစာရင်းထာနည်း ဘာသာရပ်များအား သင်ကြားပို့ချခဲ့သည်။

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအနေဖြင့် မေလ နောက်ဆုံးပတ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ အပါအဝင်တို့ဖြင့် တက်ရောက်စေနိုင်မည့် အင်ဂျင်နီယာဗဟုသုတ အခြေခံသင်တန်း ကိုလည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအတွက် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှူသင်တန်း အမှတ်စဥ်(၂၃၉)အား လည်းကောင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)