ချမ်းမြသာစည် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အောင်ပင်လယ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ရာအိမ်မှူးများပူးပေါင်း၍ မီးဘေးအန္တရာယ်စိုးရိမ်ရသော အောင်ပင်လယ်ရပ်ကွက်၊ အကွပ်အမှတ် (၁၂)အား တစ်အိမ်တက်ဆင်းမီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ လျှပ်စစ်အသုံးပြုမှုများ စစ်ဆေးခြင်း၊ ရပ်ကွက်နေပြည်သူများကို 191Report အသုံးပြုပုံများနှင့် မီးအသိပညာပေး လက်ကမ်းစာဆောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)