ကျောက်ဆည် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံဖူလုံပိုလျှံရေး ဒေသန္တရစီမံချက်ဖြင့် ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနမှ သိရသည်။
ထိုသို့ မိုးပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် ၂၀၇ ဧက၊ တိုက်နယ်(၂)တွင် ၄၉၀ ဧက၊ တိုက်နယ်(၃)တွင် ၁၆၈၉ ဧက၊ တိုက်နယ်(၆)တွင် ၃၁၇ ဧက၊ တိုက်နယ်(၈)တွင် ၂၃၇ ဧက၊ တိုက်နယ် (၉)တွင် ၈၆ ဧက၊ တိုက်နယ်(၁၀)တွင် ၁၂ ဧက၊ တိုက်နယ်(၁၂)တွင် ၃၀ ဧက စုစုပေါင်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)