တွံတေးမြိုနယ်တွင် နိုင်ငံတော်အစိုးသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ရွာသစ်ကြီးကျေးရွာတွင် VDP စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းသစ်ခင်း

တွံတေး မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊‌ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက VDP စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းကို ဆက်လက်ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွန်းကရစ်လမ်းခင်းနေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦးပြည့်စုံနှင့် ဒုတိယဦးစီးမှူး ဦးနေဇာဝင်းတို့က အနီးကပ်ကြီးကြပ်၍ ရွာသစ်ကြီးကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအရည်အသွေးပြည့်မီရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ပေ ၃၀၀ ၊ အကျယ် ၁၀ ပေ၊ ထုခြောက်လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် (၁၅၀) သိန်း၊ ပြည်သူထည့်ဝင်ငွ ကျပ် (၃၀) သိန်း၊ စုစုပေါင်းရန်ပုံငွေ ကျပ် (၁၈၀) သိန်းကို အသုံးပြုကာ မြို့နယ်ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက လုပ်ငန်းများအားလုံးရာနူန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)