လမ်းမတော်မြို့နယ်၌ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များကို ကွင်းဆင်းစစ်ဆေး

လမ်းမတော် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များ၊ အထူးကုဆေးခန်း (အသစ်) လျှောက်ထားခြင်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် အဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်အတွင်းရှိ ကောင်းမြတ်အထူးကုဆေးခန်း၏ဆေးဆိုင်၊ နီနီအထူးကုဆေးခန်း၊ တော်ဝင်နဂါးရောဂါရှာဖွေရေးအထူးဓာတ်ခွဲခန်း၊ ဂုဏ်ရောဂါရှာဖွေရေးလုပ်ငန်း၊ ပုလဲသွားနှင့်ခံတွင်းဆေးခန်း၊ ချမ်းမြေ့အထူးကုဆေးခန်းများတွင် ရောင်းချသောဆေးဝါးများတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ / မရှိနှင့် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များ၊ အထူးကုဆေးခန်း (အသစ်) လျှောက်ထားခြင်းများကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)