မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား

မြစ်သား မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်လက်တလောဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မလိုလားအပ်သော သဘာဝဘေးအန္တရာယ်များ ကျရောက်‌ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မေ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြို့နယ်မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးကျရောက်လာသည့်အချိန်တွင် လျင်မြန်စွာတုံ့ပြန်ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်ကာ လူ၊ ယာဥ်နှင့် စက်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို အသုံးပြု၍ လျင်မြန်စွာကူညီဆောင်ရွက်နိုင်ရန်တို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)