ဗိုလ်တထောင်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့်ဆေးတိုက်ခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင်မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာနမှမွေးကင်းစမှ စ၍ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းလုပ်ငန်းကိုသြဂုတ်လ(၁)ရက်နေ့မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းကို ကလေးငယ်များနှင့်မိဘများအား ကိုဗစ်- ၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားရှိပြီးပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးကင်း စမှစ၍ အသက်(၁)နှစ်ခွဲအထိ ကလေးသူငယ်များအားအသက်အရွယ် အလိုက်ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာမေးခိုင်၊ အသည်းရောင်အသား ဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေးများကိုဆေးထိုး၊ ဆေး တိုက်ကျွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂)ရပ်ကွက်တွင် ဆေးထိုးဆရာမ၆ဖွဲ့ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ အမှတ်(၅)ရပ်ကွက်မှက လေးမိခင် ဒေါ်ခင်မူမူက ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကြောင့် ပို၍အဆင်ပြေ​ကြောင်းပြောကြားသည်။

သိန်းသိန်း(ဗိုလ်တထောင်)