တန့်ယန်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ်ကိုယ်စားပြု သွားရောက် ကူညီ တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာ့ဝန်ထမ်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် (သုံး)ဦးအား ယမန်နေ့ညနေ (၄) နာရီ က မြို့ဝင်မုခ်ဦး၌ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ် ကိုယ်စားပြု သွားရောက်ကူညီ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (သုံး)ဦးအား မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကြိုဆိုဂုဏ်ပြုအားပေးစကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)