မိုင်းယုမြို့၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ကျေးရွာအရောက် ကွင်းဆင်း အသိပညာပေး

မိုင်းယု  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ယမန်နေ့နံနက် (၉) နာရီခွဲအချိန် က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို  အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဖွဲ့ (၁၀) ခေါင်းဆောင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများတွင် ပါဝင်သည့် တာကြန့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အိမ်ထောင်ဦးစီးများနှင့် အိမ်ထောင်စု ကိုယ်စားလှယ်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမအပတ်တွင် ကြီးကြပ်ရေးအဖွဲ့များကို ရွေးချယ်သွားမည်ဖြစ်ပြီး၊ ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများအား ရွေးချယ်နိုင်ရေးနှင့်ပတ်သက်၍ ထပ်မံ အသိပညာပေးခြင်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လဒုတိယပတ်အထိ ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မတ်လ တတိယအပတ်တွင် ရွေးချယ်ထားသည့် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်‌ရေးမှူးများ၏ ကိုယ်ရေးအချက်အလက်များ ပြုစုခြင်းနှင့် ပြန်လည်စိစစ်ခြင်းများကို ပြုလုပ်‌ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မတ်လနောက်ဆုံးအပတ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုဒ်မ(၅)ပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အတည်ပြုခန့်ထားပေးမည်ဖြစ်ကြောင်းနှင့် မိုင်းယုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အဖွဲ့ (၂)ဖွဲ့ခွဲကာ ရွေးချယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်အာကာထွန်း(ပြန်/ဆက်)