လင်းခေးခရိုင်၊ လင်းခေးမြို့တွင် (A) အဆင့်အားကစားရုံ ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားပြုလုပ်

လင်းခေး   ဇန်နဝါရီ

လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (A) အဆင့် အားကစားရုံ ဆောက်လုပ်ရန် ပန္နရိုက်ခြင်းကို မန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပြည်ငြိမ်းအေး အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားရုံဆောက်လုပ်မည့် မြေနေရာကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး အမှတ် (၁)  ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးကျော်၊ လင်းခေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမွန်၊ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ပညာရေးမှူးတို့က  ပန္နက်ရိုက်ခဲ့ကြကာ မင်္ဂလာအမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

အဆိုပါ အားကစားရုံသည် အလျား၁၂၀ ပေ၊ အနံ ၉ဝ ပေရှိသော သံကူကွန်ကရစ် အမျိုးအစားတစ်ထပ်ဆောင်ဖြစ်ပြီး "ငြိမ်းဆုသန့် ဆောက်လုပ်ရေးကုမ္ပဏီ'' က တာဝန်ယူ တည်ဆောက်မည်ဖြစ်ကာ ကျပ်သန်း ၃၀၀ ကုန်ကျမည်ဖြစ်သည်။

ဆောက်လုပ်ပြီးစီးပါက ခရိုင်အဆင့်အားကစားပြိုင်ပွဲများ၊ လင်းခေးမြို့နယ်မှ အားကစားဝါသနာရှင်များ အားကစားနည်း အလိုက်‌‌ လေ့ကျင့်မှုများအတွက် ပိုမိုအဆင်ပြေလာတော့မည် ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သန်းမြင့် (လင်းခေးခရိုင်ပြန်/ဆက်)