မိုင်းတုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှစ်ပတ်လည် စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမူးလာတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန်က မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များက စီမံကိန်းကျေးရွာရွေးချယ်ခြင်း၊ ရန်ပုံ ငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ သက်တမ်းတိုးဆောင်ရွက်ခြင်း၊ စောင့် ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း စသည့်ကိစ္စများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
မိုင်းတုံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂၈)ယူနစ်ကို ကျေး ရွာ(၄၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မတည်ငွေကျပ်သိန်း(၈၄၀၀)ရှိပြီး အတိုးရငွေ ကျပ် သိန်း(၄၁၄၉.၇၃၄၅) ရရှိခဲ့ကြောင်း၊ စီမံကိန်းလုပ်ငန်းကို ဒေသခံပြည်သူတို့၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းတို့တွင် အဓိကထားဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)