ကွန်ဟိန်း မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက လူငယ်များမိမိအသိပညာစွမ်းရည်များတိုးတက် မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)