ဒလ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်လဲ့လဲ့မိုးဦးက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်လင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၅) ဦးတက်ရောက်ကြပြီး အခြေခံစက်ချုပ်နည်းအမျိုးမျိုးကို မေလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)