ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ဆောင်ရွက်

ဖယ်ခုံ  ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရန်အတွက် မန်နေ့ နံနက်ပိုင်းက မြို့လယ်အဝိုင်းတွင် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

Mask တပ်ဆင်ရေးလှုပ်ရှားဆောင်ရွက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ ပညာပေး လက်ကမ်း စာစောင်များ အခမဲ့ ဝေငှခြင်း၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဖယ်ခုံမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင်ကြည့်သူများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများမှ ပူးပေါင်း၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)