မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ မေ ၁၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံးရှိ သင်တန်းခန်းမဆောင်၌ ယနေ့မေလ ၁၁ ရက်နေ့ မွန်းလွဲတစ်နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာဆွေက “ဝန်ထမ်းများအနေဖြင့် သင်တန်းကာလမှာ သင်ကြားတဲ့ သင်ခန်းစာဘာသာရပ်များကို ကြိုးစားလေ့လာကြစေရန်” မှာကြားခဲ့သည်။

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆)ကာလကို မေလ ၁၁ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ သင်တန်းနည်းပြ ၁၅ ဦးမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦးအား သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာဆွေ၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲလင်းထက်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောစုဝင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှူထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)