လယ်ဝေးမြို့နယ်အတွင်း တီဘီရောဂါရှာဖွေကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေး  ဇန်နဝါရီ  ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချောင်းကျိုးကျေးရွာတွင်  နေပြည်တော် ကျန်းမာရေးဦးစီးဌာန၊   တီဘီရောဂါ ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့သည်  ဇန်နဝါရီ  ၁၆ ရက်နေ့နံနက်ပိုင်းမှစတင်၍ တီဘီရောဂါနှင့်အခြားရောဂါများအား ရှာဖွေ စစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့တွင် နေပြည်တော် တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်    ဒေါက်တာ ထွန်းကျော်စိုးနှင့် ကျန်းမာရေး ဝန်ထမ်းများက တီဘီရောဂါ ရှိ၊မရှိ ချက်ချင်းအဖြေထွက်သည့် ကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရှာဖွေ၍ကုသခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ငှက်ဖျား၊ ဆီးချို၊ သွေးတိုးနှင့် အနာကြီးရောဂါများ ရှိ၊မရှိကိုလည်း စမ်းသပ်ရှာဖွေ၍ ကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ တီဘီရောဂါရှာဖွေကုသခြင်းများကို ဇန်နဝါရီလတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ဟေမာန်၊ အေလာ၊ စက်ပိုင်း၊ ချောင်းကျိုးနှင့် ပတ္တာကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်သည်။ လယ်ဝေးမြို့နယ်တွင် တီဘီရောဂါကွင်းဆင်း ရှာဖွေကုသရာ၌ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကျေးလက်နေပြည်သူ (၃၂၃)ဦးခန့်အား စစ်ဆေးဆောင်ရွက်ပေးခဲ့ရာတွင် (၆)ဦးတွင် တီဘီရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)