ပင်လောင်း မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဖြန့်ဝေပေးသည်။
လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမအာင်ခန့်ဇော်၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇော်မင်းခိုင်နှင့် ဝန်ထမ်းများက ဈေးရောင်း/ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်များနှင့် လျှပ်စစ်မီးအန္တရာယ်များ၊ လောင်စာဆီမှ မီးဘေးအန္တရာယ်များ၊ မိမိနေအိမ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေး ရေးသားဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)