မိုးနဲမြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများအား တရင်းတနှီးဝင်ရောက်နှုတ်ဆက်

မိုးနဲ မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးစွာဝင်ရောက် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

နှုတ်ဆက်သည့်နေရာသို့ မိုးနဲမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့မိမြို့ဖများ၊ ဆရာ/မများ၊ တိုင်းရင်းသားများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှလာရောက်ခဲ့ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ တရင်းတနှီးနှုတ်ဆက်ခဲ့ရာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရသည့်ရည်ရွယ်ချက်များနှင့် ဆောက်လုပ်ရန်မြေနေရာတို့အား မြို့နယ်ပညာရေးမှူးမှတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၁၀ နာရီခွဲအချိန်တွင် လင်းခေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့်တာဝန်ရှိသူများ လိုက်ပါကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို