ရပ်စောက် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မင်းလမ်းရှိ ရဿဝတီခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး)မှ ရက်(၁၀၀)စီမံချက်အရ ရပ်စောက်မြို့နယ်အတွင်းရှိ လူ/မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား လိုင်စင်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှုပြုလုပ်ခဲ့ရာ တောင်ကြီးမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးငြိမ်းချမ်းလင်း၊ မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်မမငြိမ်း ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသက်ပိုင် ရပ်စောက်မြို့နယ်အတွင်းရှိ လူပုဂ္ဂိုလ် (၄၂၈) ဦးတို့အား ယာဉ်မောင်းသင်လိုင်စင်အသစ် ပြုလုပ်ပေးခြင်း၊ မော်တော်ဆိုင်ကယ် (၁၇၃) စီးနှင့် မော်တော်ယာဉ် (၇၇) စီးတို့အား သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လိုင်စင်သက်တမ်းတိုးမြှင့်ဆောင်ရွက်သည့် ရဿဝတီခန်းမသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ ရပ်စောက်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်တို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)