ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ

ပြည်ကြီးတံခွန် မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားကြောင်း သိရသည်။ 

အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၌ သဘာ၀ဘေးအန္တရာယ်များဖြစ်ပွား ပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့၀င်များနှင့် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)