မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘီးလင်းမြို့နယ်ရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများအား ကြည့်ရှုစစ်ဆေး

ဘီးလင်း မေ ၁၁

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့နယ်ရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဘီးလင်းသကြားစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံစက်ရုံမှူး ဦးမောင်မောင်မှ စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီး ဦးဇေယျာဦးက လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း)၊ အမှတ် (၂) တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှုစက်ရုံနှင့် အလူးကျေးရွာ၊ ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံများသို့ ရောက်ရှိခဲ့ပြီး စက်ရုံမန်နေဂျာနှင့် စက်ရုံမှ တာဝန်ရှိသူများအား စက်ရုံအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီး ဦးဇေယျာဦးမှ လိုအပ်သည်များကိုမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လည်ပတ်နေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)