ညောင်ဦးမြို့နယ်၌ သဘာဝမြေဆွေးပြုလုပ်ပုံအားလက်တွေ့ကွင်းဆင်းပြုလုပ်ပေး

ညောင်ဦး မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနသည် အစိုးရသစ်၏ ရက် (၁ဝဝ) စီမံချက်အတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲ နည်းပညာပေးဆောင်ရွက်ခြင်းကို မေ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဝန်ထမ်းများ ကျေးရွာများအရောက်ကွင်းဆင်း၍ သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်ခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးသီးနှံများ မြေဆီလွှာအရည်အသွေး ညံ့ဖျင်းခြင်း၊ မြေဆီလွှာကိုပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများကို အသုံးမပြုခြင်းတို့ကြောင့် သီးနှံများ၏ အထွက်နှုန်းလျော့နည်းဖြစ်ပေါ်မှုအား ထိန်းသိမ်းရန်အတွက် သဘာဝမြေဆွေးများ ပြုလုပ်သုံးစွဲခြင်း၊ သဘာဝမြေဩဇာနွားချေး၊ ကြက်ချေး၊ သီးနှံအကြွင်းအကျန်များ ထည့်သွင်းခြင်းကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊ သီးနှံပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြေးဖြေးမှန်မှန် ပေးနိုင်ခြင်း၊ စေးသောမြေကို မွလာစေခြင်း၊ သဲဆန်သောမြေကို စေးထန်လာစေခြင်း၊ အစိုဓာတ်ထိန်းသိမ်းမှုကောင်းခြင်း၊ လေဝင်လေထွက် ကောင်းစေခြင်း၊ အာဟာရဓာတ်များကို ကာလကြာရှည်စွာ ထုတ်ပေးခြင်းတို့ကြောင့် သဘာဝမြေဆွေးများပြုလုပ် နည်းပညာပေးခြင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း