မုဒုံ မေ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း နှစ်စဥ်စပါးသီးနှံဧက (၇) သိန်းကျော်၊ ရော်ဘာသီးနှံဧက (၅) သိန်းကျော်နှင့် ဥယျာဥ်ခြံသီးနှံများကို အဓိကစိုက်ပျိုး၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပေးအပ်ချီးမြှင့်သည့် မျိုးသန့် မျိုးပွားမျိုးစေ့ (Rs) များသည် အရည်အသွေးကောင်းမွန်သော မျိုးစေ့ထုတ်လုပ်မှုတိုးတက်စေရေးအတွက် အရေးပါသည့် အထောက်အပံ့တစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘဲရမ်းကျေးရွာတွင် မျိုးသန့် မျိုးပွားမျိုးစေ့ထုတ်မည့် လယ်ဧက (၅၀) တောင်သူ (၁၇) ဦးအား မိုးစပါး (ပေါ်ဆန်းရင်) မျိုးစေ့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)