အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအား ကျေးရွာဖွံဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းဖွင့်လှစ်

မိုင်းရယ် မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှကော်မတီဝင်များအား ကျေးရွာဖွံဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ် (AVIP) သင်တန်း ကို ယမန်နေ့ နံနက်(၁၀) နာရီက အဆိုပါရုံး၌ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် စီမံကိန်းဝန်ထမ်းများက မန်ကျောင်းကျေးရွာနှင့် လွယ်ဆိုင်ကျေးရွာတို့မှ ကျေးရွာဖွံဖြိုးရေးကော်မတီဝင်များအား ကျေးရွာဖွံဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) သင်တန်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေးပိုချပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်