လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများပြသ

လားရှိုး မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။

ရှေဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်‌ရေး မြန်မာစကားပုံဆက်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အ.ထ.က(၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားတာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ကလေးစာဖတ်ခန်း၌ ကျွမ်းကျင်(၃)(ရုပ်သံ) ဒေါ်မီမီမိုးက စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းဆောင်ရွက်ခဲ့ပြီး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများအားပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)