မြစ်သားမြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် နွေသီးနှံ (စပါး၊ နှမ်း၊ ပဲတီစီမ်း၊ ဝါ) စိုက်ပျိုးတောင်သူများအား ကွင်းသရုပ်ပြပွဲ ကျင်းပ

မြစ်သား မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မေ ၁၀ ရက် နံနက် ၈ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိနွေသီးနှံ (စပါး၊ နှမ်း၊ ပဲတီစီမ်း၊ ဝါ ) စိုက်ပျိုးတောင်သူများအား လက်တွေ့ကွင်းသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ကြီးကြပ်၍ စိုက်ပျိုးရေးဝန်ထမ်းများက မြို့နယ်အတွင်း‌ရှိ ဒေသခံ တောင်သူများစိုက်ပျိုးထားသည့် နွေသီးနှံ (စပါး၊ နှမ်း၊ ပဲတီစီမ်း၊ ဝါ) စိုက်ခင်းများအတွက် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ နွေသီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်စေရေး၊ သီးနှံဖျက်ပိုးမွှားများကျ ရောက်မှုကင်းရှင်းစေရေး၊ မြေဩဇာနှင့် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲတတ်စေရေး၊ အရည်အသွေးကောင်း သီးနှံများထွက်ရှိရေးတို့အတွက်  စိုက်ပျိုးမှုနည်းစနစ်များကို ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)