မိုင်းယောင်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝမ်ကုန် အခြေခံပညာမူလတန်း(လွန်) ကျောင်းအတွက် Steel Structure ကျောင်းဆောင်သစ် တစ်လုံးဆောက်လုပ်ရန် ပန္နရိုက်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် ကျောင်းမြေနေရာကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် ကျောင်းအုပ် ဆရာမ ကြီး ဒေါ်စိုးစန္ဒာမင်းတို့က ကျောင်းဆောင်သစ်အတွက် ပန္နက်ရိုက်ခဲ့ကြကာ မင်္ဂလာ အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ ကြသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိသော Steel Structure အမျိုးအစားတစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး Focus Connect ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကာ ကျပ် ၄၄ ဒသမ ၃၇၂ သန်း ကုန်ကျမည်ဖြစ်သည်။
ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးပါက ဝမ်ကုန်ကျေးရွာနှင့် အနီးရှိကျေးရွာအချို့မှ ကျောင်းသူ၊ ကျောင်းသားများ၏ သင်ကြား၊ သင်ယူမှုဆိုင်ရာ လုပ်ငန်းများအတွက် စာသင်ခန်းများ လုံလောက်လာမည်ဖြစ်၍ ပိုမိုအဆင်ပြေလာတော့မည် ဖြစ်ကြောင်း အဆိုပါ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ ပြောကြားချက်အရ သိရသည်။
အားချာ(ပြန်/ဆက်)